Skip to main content
Spotify for Podcasters
The Institute for Strategy and Policy – Myanmar

The Institute for Strategy and Policy – Myanmar

By ISP-Myanmar


The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.
Available on
Apple Podcasts Logo
Google Podcasts Logo
Pocket Casts Logo
RadioPublic Logo
Spotify Logo
Currently playing episode

ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

The Institute for Strategy and Policy – MyanmarJul 18, 2022

00:00
10:37
အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း

အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း

“ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်းတိုးပြီး မြို့နယ် ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဟာ စစ်ကောင်စီအနေနဲ့ စစ်၀င်္ကပါထဲကို တိုးဝင်ပြီး ဘယ်လိုနောက် ဆက်တွဲအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ယခု Podcast မှာသုံးသပ်တင်ပြထားပါတယ်။
Feb 23, 202305:44
ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း  သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jul 18, 202210:37
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 17, 202211:15
အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း

အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 17, 202211:21
သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်

သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 17, 202212:22
ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့

ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) အဖြစ် ဖော်ပြခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က အာဏာကိုရှုမြင်ပုံတွေအကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 16, 202210:26
အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု

အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၁) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ရဲ့ နိုင်ငံရေးအင်အားကို ချည့်နဲ့သွားအောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ အဆက်မပြတ် ဖိအားပေးဖို့လိုတယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 16, 202211:25
လူထုလှုပ်ရှားမှု အနိုင်အရှုံးရလဒ်အကြောင်း စဉ်းစားပုံ

လူထုလှုပ်ရှားမှု အနိုင်အရှုံးရလဒ်အကြောင်း စဉ်းစားပုံ

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၉) အဖြစ် ဖော်ပြခဲ့တဲ့ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ဟာ နိုင်ငံတော် သာမက သာမန်လူတဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းကိုပါ အလှည့်အပြောင်း ဖြစ်စေတဲ့ ရလဒ်တွေ ရှိတတ်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 14, 202207:40
အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက်

အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၈) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ကို ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဘယ်လို အခြေအနေမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပြောင်းလဲထောက်ခံသလဲ ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Jun 14, 202208:58
အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု

အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က ကနဦးသုံးသပ်ချက်အမှတ် - (၉) အဖြစ်ဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ ဘာကိုဆိုလိုသလဲ ဆိုတာအပြင် ဒီဖိတ်ခေါ်ချက်နဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ဖြစ်တန်ခြေ ၂ ရပ်အကြောင်း လေ့လာဆန်းစစ်ချက်ကို ယခု Podcast မှာ နားဆင်ရ ပါမယ်။
Jun 14, 202206:55
မြန်မာ့အရေး အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ

မြန်မာ့အရေး အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ

မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေဟာ ရလဒ်ထွက်အောင် မလုပ်နိုင်သေးသလို၊ ယုံကြည်ထိုက်လောက်တဲ့ ကိုးစားခံရမှု အားသာချက်လည်း ကျဆင်းနေပါတယ်။ တချိန်တည်း မှာပဲ မြန်မာ့အကျပ်အတည်းဟာ ပြဿနာပြေလည်ရေးထက် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအတွက် အသုံးချခံ မြေစာပင် ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေလည်း ရှိလာပါတယ်။ ဒီအကြောင်း ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက်ကို အခု Podcast မှာ နားဆင်နိုင်ပါပြီ။
Mar 21, 202207:49
အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု သုံးချက်

အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု သုံးချက်

တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း  အခြေအနေတွေအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်ချဉ်းကပ်ပုံ အချက် သုံးချက်ကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Feb 18, 202205:47
တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ

တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေနဲ့ ပဋိပက္ခမြေပုံလားရာ စတဲ့ ဆက်စပ်အခြေအနေတွေကို  ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Feb 18, 202206:29
ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများ အခြေအနေ

ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများ အခြေအနေ

တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Feb 17, 202206:55
၂၀၂၁ ခုနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေ

၂၀၂၁ ခုနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေ

တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Feb 17, 202208:20
၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး အခြေအနေ

၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး အခြေအနေ

တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Feb 17, 202210:48
ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ်

ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ်

စစ်အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့ပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုတွေကို နိုင်ငံအနှံ့၊ ဒေသအနှံ့မှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ပိုင်ခွင့်လည်း မရသေးပါဘူး။ စစ်အာဏာသိမ်းမှု တနှစ်ပြည့်ချိန် ချိန်ထိုး အကဲဖြတ်အပ်တဲ့ ရှုထောင့်သုံးရပ်နဲ့ ရှေ့ဆက်ဖြစ်တန်ခြေအတွက် ကနဦး သုံးသပ်ချက်ကို ISP-Myanmar ရဲ့ Podcast Channel တွေမှာ နားဆင်နိုင်ပါတယ်။
Feb 04, 202207:27
“လူသားချင်းစာနာထောက်ထားမှုအပြင်” ချဉ်းကပ်မှုနည်းလမ်း

“လူသားချင်းစာနာထောက်ထားမှုအပြင်” ချဉ်းကပ်မှုနည်းလမ်း

စစ်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စ ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ချဉ်းကပ်မှု နည်းလမ်းကို EAOs သုံးဖွဲ့ က ထောက်ခံလိုက်ပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။
Jan 25, 202207:55
လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေး

လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေး

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးမှာ အရေးတကြီး လိုအပ်လာတဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေးကို စောင့်ဆိုင်းနေရုံ၊ ရှုတ်ချနေရုံနဲ့ ဖြေရှင်းနိုင်ဖွယ် မရှိပါဘူး။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။
Jan 17, 202206:47
မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ်

မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ်

၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ကို အထမြောက်အောင် ဆောင်ရွက်နိုင်မလား ဆိုတဲ့ ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။
Jan 11, 202206:10
တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ

တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ

တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီတို့၊ စည်းကမ်းပြည့်၀သော ဒီမိုကရေစီတို့ကို အမြစ်လှန် ဖြိုဖျက်ချင်တဲ့ မြန်မာ့ နိုင်ငံရေးလေထုမှာ ထိထိရောက်ရောက် လွှမ်းမိုးနိုင်မလား ဆိုတဲ့ အကြောင်းကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။
Dec 24, 202106:28
အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း

အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း

ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြိုမခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်း ကို ပေါ်လွင်စေကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။
Dec 24, 202106:26
အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ

အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ ဖိနှိပ် ကန့်သတ်ရုံနဲ့ သူ့ရဲ့နိုင်ငံရေးအခန်းကဏ္ဍ ပျက်ပြယ်သွားမှာ မဟုတ်တဲ့ အကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။
Dec 23, 202105:15
မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နဲ့ နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ အသစ်အသစ်သော လက်နက်ကိုင်အင်အားစုတွေ အကြောင်းကို ISP-Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း က ဆန်းစစ်သုံးသပ် ဆွေးနွေးထားပါတယ်။
Nov 09, 202118:00
NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ခြောက်နှစ်ပြည့်ခဲ့ပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက်ဖြစ်တန်ခြေတွေက ဘယ်လိုရှိပါမလဲ ဆိုတဲ့ အကြောင်းအချက်တွေကို ISP-Myanmar က ဖြန့်ထွက်စဉ်းစား သုံးသပ်ဆွေးနွေးထားပါတယ်။
Oct 26, 202120:56
မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ

မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ

တရုတ်နိုင်ငံဟာ စစ်ကောင်စီကိုကာကွယ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေသလဲ၊ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာမှာ တရုတ်ရဲ့ အခြေခံ စဉ်းစားချက်တွေက ဘာတွေလဲ၊ တရုတ်ရဲ့ မူဝါဒတွေကို ဘယ်လို လွှမ်းမိုး နိုင်မလဲဆိုတဲ့အပေါ် နိုင်ငံတကာ လေ့လာသူတွေ၊ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်၊ ကောက်ချက်ချမှုတွေကို  ISP-Myanmar ရဲ့ အခု ဆန်းစစ်ချက်မှာ မိတ်ဆက်ဆွေးနွေးထားပါတယ်။
Sep 10, 202121:05
မြန်မာ့ဘဏ်စနစ် ပြိုလဲတော့မလား ဆွေးနွေးချက်များအား ဆန်းစစ်လေ့လာခြင်း

မြန်မာ့ဘဏ်စနစ် ပြိုလဲတော့မလား ဆွေးနွေးချက်များအား ဆန်းစစ်လေ့လာခြင်း

ငွေသားရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ဗဟိုဘဏ်က အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ အာဏာ မသိမ်းခင် ကာလက ရှိခဲ့တဲ့ အခြေအနေ၊ အဆင့်မျိုး ပြန်ရောက်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ နဂိုကတည်းက ချည့်နဲ့နေပြီး ချို့ယွင်းချက် ဗရပွ ဖြစ်နေတဲ့ မြန်မာ့ဘဏ်စနစ်ဟာ ဒီကြားထဲ  အကျပ်အတည်းတခုခုနဲ့ ထပ်ကြုံရရင် အမှိုက်ကစ ပြသာဒ် မီးလောင် မဖြစ်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ဒါကြောင့်လည်း ဘဏ်စနစ်တခုလုံး ပြိုလဲတော့မလား ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိလာပါတယ်။ ဒီဆွေးနွေးချက်တွေအပေါ် ISP-Myanmar ရဲ့ ဆန်းစစ်ချက်ကို နားဆင်ရပါမယ်။
Aug 02, 202126:06
မြန်မာ့အရေး ကျရှုံးနိုင်ငံဖြစ်တော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း

မြန်မာ့အရေး ကျရှုံးနိုင်ငံဖြစ်တော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီးဖြစ်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကျရှုံးနိုင်ငံတခု (failed state) အဖြစ် ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလေ့လာသူတွေက ဆိုနေကြပါတယ်။ မြန်မာ့အရေး ကျရှုံးနိုင်ငံ ဖြစ်တော့မလား ဆွေးနွေးချက်တွေအပေါ် ISP-Myanmar ရဲ့ ဆန်းစစ်ချက်ကို အခုဆောင်းပါးမှာ နားဆင်ရပါမယ်။
Jul 28, 202135:14